တိမ်ခိုးပြာပြာ၊မိုးရွာရွာ
ဆောင်းနှင်းဖြိုက်ဖြိုက်၊လေတိုက်တိုက်
နေမင်းသာသာ၊လဝါဝါ
ဘယ်ခါမဆို
တနေဝင်ပျောက်၊တမိုးသောက်၍
ဆည်းဆာနေရီ၊အရုဏ်ဆီဝယ်
စိတ်ကူးကြယ်စင်၊ ပုံရိပ်ထင်ခဲ့။
တိမ်ခိုးပြာပြာ၊မိုးရွာရွာ
ဆောင်းနှင်းဖြိုက်ဖြိုက်၊လေတိုက်တိုက်
နေမင်းသာသာ၊လဝါဝါ
ဘယ်ခါမဆို
တနေဝင်ပျောက်၊တမိုးသောက်၍
ဆည်းဆာနေရီ၊အရုဏ်ဆီဝယ်
စိတ်ကူးကြယ်စင်၊ ပုံရိပ်ထင်ခဲ့။
အိုအဖေရယ် အဖေ့သားလေ
အဖေ့စကား ခဏခဏကြား
ဘာတဲ့ ဘယ်သွားသွား ဘာလုပ်လုပ်
ဗိုလ် သာလုပ်
ခုတော့လေ ဘဝဆိုတဲ့ပင်လယ်
ကျင်လည်ကာဖြတ်သန်း
လောကရဲ့သဘော အနည်းငယ်စောကြောမိ
အမြဲတမ်းသာ အဖေ့သား ဗိုလ်မဖြစ်
သိရစ်တော့အဖေရယ်။
အိုအမေရယ် အမေ့သားလေ
မွေးရပ်ကခွာ ဝေးရာမှာနေလေတိုင်း
အမေ့ပြောစကား ရံဖန်ခါကြားယောင်မိ
ဘာတဲ့ အောင်မောင်းရေတောင့်ထား
ခုတော့လေ အမေပြောတဲ့ကိုအောင်မောင်း
လောကဆိုတဲ့ပြင်ကျယ် ကျင်လည်ကာနေရင်း
တောင့်မထားနိုင်ခဲ့တာ
ကြာပါပေါ့ အမေရယ်။
ဘဝဆိုတဲ့ ရေဇလာမှာ
ဗေဒါလိုစုန်ဆန်ကူး
လူတစ်ခုပေမဲ့ ပူမှုတဲ့ဆယ်ကုဋ္ဋေ
သို့လည်းလေ
ချမ်းမြေ့တဲ့လဝန်းရှင်
ကြည်လင်တဲ့ စမ်းရေအေး
ပျံ့မွှေးတဲ့ရွှေကြာလို
ဘဝကိုအေးစေဖို့
စိန္တေမှာဆုချွေပေး
“Happy Birthday”
မွေးနေ့ဆို ဘာကိုပေးရပါ့
စဉ်းစားလို့နေမိတယ်၊
ကဗျာညို စာတိုချစ်သူမို့
ကဗျာမပီ စာမပီရေးလို့ကွယ်
ပေးဖို့စိတ်ကူး။၁၅၊၇၊၂၀၀၇