Monday, 18 July 2011

နတ္တဆန္ဒ

ဆန်းသောလပြည့်၏။
ပြည့်သောလဆုတ်၏။
ဆုတ်သောလကွယ်၏။
တခါဆန်းပြန်၏။
ဤအရှိတရား၊ သိငြားသော်လည်း
ငါကားပိုင်ပိုင်၊ လက်မခံနိုင်
ဆန်းရာမှပြည့်လို၏။
ပြည့်ရာမှမဆုတ်လို၊
ကွယ်သည့်ည မမြင်လို။

(၃.၉.၂၀၀၉)

No comments:

Post a Comment