အို မိုးကောင်းကင်
ရယ်ချည်တခါ ငိုချည်တလှဲ့
ဖြူချီတခါ ပြာချီတလှဲ့
လေထန်ချီတခါ လေပြည်လာတလှဲ့
နေ့ဆိုနေမင်း ညဆိုလမင်း
နေ့ခင်းမှာ တိမ်သားနဲ့ရောင်စဉ်
ညခင်းမှာ လမင်းနဲ့ကြယ်စင်
လျို့ဝှက်တဲ့အသွင်
ပြောင်းလဲတတ်အစဉ်
တကယ်တော့ သင်ဟာ
စကားလုံးမရှိတဲ့ကောင်းကင်။
၁၁၊၈၊၂၀၀၉
No comments:
Post a Comment